About us
Nature Kids Learning Center ဆိုတာဘာလဲ
ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ခံစားမှု၊ ပေါင်းသင်းဆက်ဆံရေး စသည့် ဖွံ့ဖြိုးမှုအားလုံးကို ဟန်ချက်ညီညီ ဘက်စုံဖွံ့ဖြိုးလာပြီး အတွေ့ကြုံကောင်းတွေ (Good experiences) ရရှိအောင် စနစ်တကျပျိုးထောင်ပေးသော ပတ်ဝန်းကျင်ကောင်း (Good environment) တစ်ခုဖြစ်ပါတယ်။
🌟 ကျွန်ုပ်တို့၏ သင်ကြားရေးအယူအဆ
ကျွန်ုပ်တို့သည် ကလေးငယ်တစ်ဦးချင်းစီ၏ ထူးခြားသော ပါရမီများကို ယုံကြည်ပြီး ၎င်းတို့၏ စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် အောက်ပါအတိုင်း ပံ့ပိုးကူညီပေးနေပါသည်။
ကလေးတိုင်းသည် ကိုယ်ပိုင်အရှိန်အဟုန်၊ ကိုယ်ပိုင်အားသာချက်များဖြင့် ကြီးပြင်းလာသူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် ကလေးများကို တစ်ဦးနှင့်တစ်ဦး နှိုင်းယှဉ်ခြင်းမပြုဘဲ ၎င်းတို့၏ ထူးခြားသော အရည်အချင်း (Unique Talent) များကို ဖော်ထုတ်ပေးကာ၊ မိမိကိုယ်တိုင် ယုံကြည်မှုရှိရှိဖြင့် သင်ယူနိုင်မည့် ပတ်ဝန်းကျင်ကောင်းတစ်ခု (Safe Learning Space) ကို ဖန်တီးပေးပါသည်။
ကလေးတို့အတွက် "ကစားခြင်း" ဆိုသည်မှာ အချိန်ဖြုန်းခြင်းမဟုတ်ဘဲ အထိရောက်ဆုံးသော သင်ယူမှုနည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ ကစားခြင်းမှတစ်ဆင့်:
လူမှုဆက်ဆံရေး (Social Skills) နှင့် ပူးပေါင်းဆောင်ရွက်တတ်မှုကို သင်ယူစေပါတယ်။
ကလေးကိုယ်တိုင် လက်တွေ့ကျကျ လုပ်ဆောင်မှု(Hands-on Experience) ကြောင့် သင်ခန်းစာများကို ပိုမိုမှတ်မိလွယ်စေပါတယ်။
သင်ယူခြင်းကို လွတ်လပ်ပျော်ရွှင်စွာနဲ့ အလေ့အကျင့်ကောင်းတစ်ခုအဖြစ် ပြောင်းလဲပေးတယ်။
ကလေးများ၏ သိလိုစိတ်များကို ပိုမိုဖြစ်ပေါ်စေဖို့အတွက် "ဘာကြောင့်လဲ" ၊ "ဘယ်လိုမျိုးလဲ" ဟူသော မေးခွန်းများဖြင့် စူးစမ်းလိုစိတ်(Curiosity)များကို အားပေးနှိုးဆော်ပေးပါတယ်။ ကလေးများ၏ ဖန်တီးမှုစွမ်းအား (Creativity)ကိုလည်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်ပေးခြင်းဖြင့် ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ပျိုးထောင်ပေးပါတယ်။

မျှော်မှန်းချက်
ကျန်းမာပျော်ရွှင်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိသော လူငယ်များဖြစ်လာစေရန်။
ရည်မှန်းချက်
စိတ်လုံခြုံမှုရှိပြီး ချစ်ခြင်းမေတ္တာရှိသော ပတ်ဝန်းကျင်ကောင်းပေးရန်
ကလေးများ၏ စိတ်ခံစားမှုနှင့် သိမှုစွမ်းရည်ကို ဖွံ့ဖြိုးစေရန်
သင်ယူလိုစိတ်၊ စူးစမ်းဖန်တီးလိုစိတ်ကို အားပေးရန်
မိဘများနှင့် အတူ ကလေး၏ဖွံ့ဖြိုးမှုကို ပူးပေါင်းဆောင်ရွက်ရန်